Notification...!အသိပေးခြင်း...(လ၀်ဟှိုင့်သေှ်ယာ့ဝးကိုဝ်ဟှာဍေစေ၀်လ၀်)

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Monday, September 8, 2008

Home » » ရင်တွင်းဖြစ် စကားလုံးများ

ရင်တွင်းဖြစ် စကားလုံးများ

09 September 2008

ဤဆောင်းပါးသည် မိမိလူမျိုးများ ချစ်ခင်ညီညွတ်စေလိုသောစေတနာဖြင့် ရည်ရွယ်၍ ရေးခြင်းသာဖြစ်ပါသည်

ယခုဆယ်နှစ်အတွင်း အကွဲကွဲအပြဲပြဲဖြစ်နေတဲ့ ကရင်အမျိုးသားအားလုံးအတွက် သတိပြန်လည်သက်ဝင်ကြစေရန် ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအထူးအထွေတော့ မရှိဘူး။အဲ...ဒီအထူးအထွေမဟုတ်တာကို အရေးကြီးနေတယ်။ မတီးမမြည် မပြောမဖြစ် ဆိုလို အမျိုးသားရေးတစ်ရပ်အနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံးပြန်လည်သင့်မြတ်ကြစေရန်
မေတ္တာကြီးမားစွာဖြင့်အသိပေးခြင်းလည်း ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေ အကျင့်စာရိတ္တမြင့်မားစေဖို့ အခြေခံစာပေ ပညာရေးနှင့်အခြေခံယဉ်ကျေးမှုတွေကို ဦးစာပေးရတယ်။ စီးပွားရေးကိုလည်း ရှေ့တန်းတင်ရတယ်။ နိုင်ငံရေးကိုလည်း သိထားသင့်တယ်။

ထိုနည်းတူ ကရင်လူမျိုးများမှာလည်း အဖွဲ့အစည်းအသီးသီးပေါ်ပေါက်လာတာကို တွေ့နေရပါတယ်။ မြောက်များစွာသော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာကတော့ ကောင်းပါသည်။ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများတွင် တာဝန်ရှိသူအားလုံးဟာ သူတစ်လူ ငါတစ်မင်းလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်သွားမှာ သေချာသည်။သို့သော်အဲဒီအဖွဲ့
အစည်းများကကော-ဘာတွေ အဓိကထားဆောင်ရွက်နေပါသလဲ။ ဒီမေးခွန်းရဲ့အဖြေကိုတော့ တာဝန်ရှိသူအားလုံး
ငါ -ဘာအဓိကထားလုပ်ဆောင်နေသလဲဆိုတာကိုသိရှိလောက်မယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ့်ကိုယ်တိုင်တောင် မသိဘူးဆိုရင်= မေထုန်မှီ အိပ်စားလို့ ယောက်ျားနဲ့ နွားမှာ သိပညာ တစ်ခုပိုသာ = ဆိုတဲ့ လယ်တီဆရာတော်ရဲ့ဆုံးမစကားနဲ့ အသိပေးလိုက်ပါတယ်။

တကယ်တော့ ကရင်အဖွဲ့အစည်းအသီးသီးဟာ အဓိကထားလုပ်ဆောင်ရမှာက ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လူအခြေခံအုတ်မြစ်တွေကို အားပတကုတ်ကြိုးစားဆောင်ရွက်သင့်ပါတယ်။ ဒါကိုလည်း မိမိတို့မှာ မတူညီတဲ့ (theory) သဘောတရားတွေ၊ မတူညီတဲ့ (view) အမြင်များကို ဘေးချိတ်ကာ၊ ဘာသာရေးအစွန်းရောက်မှုများကို မရောသင့်ပါ။ ဘာသာရေးအသီးသီးမှာလည်း သင့်မြတ်တဲ့ society, community လူဘောင်လူ့လောက၊ လူမှုအကျိုးများဖို့ သွန်းသင်
ဆုံးမကြတာပဲရှိတယ်။ ဒီအချက်ကို အခုကျွန်တော့တို့ ကရင်လူထုတစ်ရပ်လုံး သတိထားရမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ ရန်သူများဟာ မိမိတို့ရဲ့အားနည်းချက်များကို ရှာဖွေပြီး မိမိတို့အားနည်းအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေတယ်ဆိုတာ ကရင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအားလုံး နားလည်ကြစေချင်ပါတယ်။ ဒါကို ငါက Buddhism ပဲ။ ငါကChristianity ပဲဆိုပြီး အယူသည်းစွာ ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် ရန်သူရဲ့သားကောင်အဖြစ်
ဖြစ်မှန်းမသိ ဖြစ်ရမှာ သေချာတယ်။ အဓိကကတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာ
ညီမျှစွာ နားလည်ပြီး ဝေငှတတ်ဖို့ပါပဲ။ ဥပမာ ကျွန်တော်တို့ KNU အစိတ်စိတ်အမွှာမွှာပြိုကွဲရတာဟာ
နအဖရဲ့သွေးထိုးလုပ်ဆောင်မှုဖြစ်သလို Buddhismနှင့် Christianity အားပြိုင်မှုရဲ့ ဆိုးကျိုးတစ်ခု
ဖြစ်တယ်။ ပြီးတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာညီမျှစွာ အသုံးမချတတ်တဲ့အ
တွက်ကြောင့်လဲဖြစ်တယ်။

ဒါတွေကို တာဝန်ခေါင်းဆောင်များ အနေနဲ့ ကိုယ်နောက်လိုက်ငယ်သားများကို ဘာသာရေးများအစွန်းမရောက်သင့်ပုံကို techniquel နည်းနိသျှည်းကျကျ ညွန်ပြစေချင်ပါတယ်။ ဘာသာရေးအစွန်းသမားမျာကြောင့် အရှေ့အလယ်ပိုင်း
နိုင်ငံရှိ ပြည်သူများ နေ့စဉ်ဆိုသလို သေရှုံးရပုံများကိုInternational News Website မှတဆင့် အမြဲတန်းကြား
သိနေရပါတယ်။

ဒီအချက်ကို စာရေးသူအနေနဲ့ ဆွေးနွေးရခြင်းသည် ကရင်အဖွဲ့အစည်းများ အစိတ်စိတ်အမွှာမွှာဖြစ်ရခြင်းသည်လည်း Religion ဘာသာရေးအစွဲတွေကြောင့်လို့ အများက ယူဆနေကြခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ထိုအယူအဆများ
မှန်ခဲ့မယ်ဆိုရင် ပြင်သင့်တာတွေ အချိန်မှီပြင်နိုင်ဖို့=ပျက်အစဉ် ပြင်ခဏ=ဆိုတဲ့ အတိုင်း အဲဒီ main အချက်ကို ဖာထေးလိုက်ရင် ယိုပေါက်ကသက်သာမှာ သေချာတယ်။ ကျွန်တော်အနေနဲ့ ကိုယ်အယူသည်းမှုတစ်ခုကြောင့် လူမျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး မရောက်စေချင်ပါ။ ဒါကိုလည်း အမှား/အမှန်ကို လွပ်လပ်စွာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်။

အခုချိန် ကရင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများသည်generationမျိုးဆက်သစ်
များအတွက် အထူးစိုးရိမ်စရာကောင်းပါတယ်။ နိုင်ငံတော်အစိုးက နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်
ပေးနေတယ်လို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ရုပ်ပိုင်းဆိုင်ရာတိုးတက် အနည်းငယ်မျှ ရှိနေတာကလွဲရင် အခြား section အပိုင်းမှာတော့ ဘာကိုဘာမှ တိုးတက်လာမှုမရှိဘူးဆိုတာ ကျွန်တော်ကရင်ပြည်နယ်သား တစ်ယောက်အနေနဲ့ ရဲရဲပြောနိုင်တယ်။ အထူးအားဖြင့်education section ပေါ့ဗျာ။ မြို့တွင် နေထိုင်တဲ့ လူငယ်အနည်းစုသာ ပညာသင်ကြားကြပြီး countrysite ကျေးလက်တောရွာပိုင်းရှိ လူငယ်အများစုဟာ မူလတန်းပြီးရင် ဆက်လက်ပညာမသင်ကြားနိုင်တော့ပါဘူး။ ကရင်အများစုက ကယ်တင်ရှင်နိုင်ငံလို့ ယူဆတဲ့ ထိုင်းနိုင်ငံသို့သာ ဆက်လက်ထွက်ခွါကြရတယ်။ ကရင်ပြည်နယ်ရှိ အိမ်တိုင်းမှာ တစ်ဦးစီအနည်းဆုံး ထိုင်းနိုင်ငံသို့ စား၊ ၀တ် နေရေး အဆင်
ပြေစေဖို့ သွားရောက်လုပ်ကိုင်ရပါတယ်။ တနည်းအားဖြင့် ပြောရရင် ကရင်လူငယ်များ ပျက်စီးဖို့အစပျိုးပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဇိမ်ခံခံစရာနေရာအများဆုံးနှင့် ကူးစက်ရောဂါအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံသာ မရှိဘူးဆိုရင် ကရင်ပြည်နယ်သာများကြမ္မဟာလည်း ထိုထက်ပင်မတွေးဝံ့စရာပင်။ ၀င်ငွေမရှိတာသာမက အဖွဲ့အစည်းအသီးအသီးမှ ပေါ်တြာေ ကး၊ ဆက်ကြေးတွေဟာလည်း ခေါင်ခိုက်အောင်ပေးဆောင်
နေရသည်။ ကျွန်တော်ပြောတာကိုသံသယရှိနေသူများသည်လည်း ကရင်ပြည်နယ် တောလက်ကျေးရွာများသို့ ကွင်းဆင်းလေ့လာနိုင်ပါသည်။

ဒါကြောင့် ဒီအခက်အခဲကြားထဲမှာ ကရင်ပြည်သူတစ်ရပ်လုံး ဘယ်လိုရုံးထွက်ကြမလဲ။ ကရင်အဖွဲ့အစည်းအားလုံးကို မေတ္တာရှေ့ထားပြီး ပြောပါရစေ....argent performance အဖွဲ့အစည်းအသီးသီး အဓိကဆောင်ရွက်သင့်တာက education section ပညာရေးအပိုင်းဖြစ်ပါတယ်။ ထိုနောက်မှစီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ လူအခြေခံအုတ်မြစ် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး တစ်ခုစဉ်းစားသင့်တာက မိမိတို့ အဖွဲ့အစည်းတွေဟာ မိမိတို့မိသားစုအရေးလား၊ တစ်မျိုးသားလုံးကိုယ်စားပြုတဲ့အဖွဲ့အစည်းလား။ ဒါတွေကို ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ မိမိအနေနဲ့ တိုက်ပေါ်မှာနေ၊ကားအကောင်းစားတွေစီးပြီး ကျန်တဲ့သူတွေ ငတ်ပြတ်နေတာ သိလျှက်နဲ့ မသိဟန်ဆောင်နေတာလား။
မိမိတို့ဟာ =ခေါ်ရင်လာတယ်၊ ခိုင်းရင်လုပ်တယ်၊ ခံမပြောဘူး= ဒီလိုဘဲ အစေခံဘ၀နဲ့ စခန်းသွားတော့မှာလား။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလား။ သူများခိုင်းသမျှ လုပ်မယ်ဆိုရင်ကမ္ဘာမှာ မိမိတို့လောက် မိုက်တဲ့သူ မရှိတော့ဘူးထင်တယ်။

ခေတ်အဆက်ဆက်မှာ ကရင်ဟာရိုးသားတယ်၊ စည်းလုံးတယ်၊ မဟုတ်ရင်မခံ အစဉ်အလာရှိခဲ့တယ်။အခုမိမိတို့ခေတ် ရောက်တော့မှ =ရိုးသားမှုကို ရိုးအမှုတွေဖြစ်၊ စည်းလုံးမှုကို ပြိုကွဲမှုတွေဖြစ်၊ မဟုတ်မခံကို မဟုတ်ရင်လည်း ခံနေရတဲ့အဖြစ်သို့ ဆိုက်ရောက်နေတယ်။ သမိုင်းမှာ အမဲ (မည်း) စက်တွေကျန်နေခဲ့ပြီ။ အဲဒီအမဲစက်ကို ဖျက်ပစ်ဖို့ မိမိတို့တာဝန် အပြည့်ရှိတယ်ဆိုတာ သိကြရဲ့လား။ မိမိတို့အချင်းချင်းကြောင့် (၁၀)နှစ်ကျော်ကာလ သေသွားတဲ့သူတွေလည်း မနည်းတော့ဘူး။ နောင်တတရားတွေရသင့်ကြပြီ။ နောင်တမရဘဲ ဆက်ပြီး မိမိတို့အချင်းချင်းတစ်ဦးနဲ့တစ်ဦးတိုက်နေကြမယ်ဆိုရင် ကရင်ပြည်သူတွေအတွက် လွတ်လပ်ရေးကို မပြောနဲ့ ရှိရင်းစွဲလူမျိုးကိုပါ ပျောက်သွားမယ်။

အဲသလို မိမိတို့အချင်းချင်း ဆက်တိုက်မယ့်အစား သင့်မြတ်တဲ့နည်းလမ်းကို ရှာကြံပြီး ပြန်လည်တွေ့ဆုံဆွေးနွေးကြရင် မကောင်းဘူးလား။ လျှော့သင့်တာတွေလျှော့၊ တင်းသင့်တာတွေကိုတင်း၊ နားလည်မှုတွေ ရယူကြ၊နားလည်းခွင့်လွတ်ခြင်းနဲ့ ငြိမ်းချမ်းရေးပန်းတိုင် လျှောက်လှမ်းစေချင်တယ်။အခုတော့ကရင်ပြည်သူလွတ်လပ်ရေးအတွက်ဆိုသေး...ကိုယ့်အချင်းချင်း
ပြန်တိုက်နေရတယ်ဆိုတော့ စဉ်းလည်းစဉ်းစားကြပါအုံး တာဝန်ရှိသူတို့ရေ....။ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ငြိမ်းချမ်းရေးကောင်စီမှ KNU မိခင်တပ်ရင်းသို့ပြန်လည်ရောက်ရှိလာသော ဒု-ဗိုလ်မှူးစောဂေထူးရဲ့ ရင်ဖွင့်သံများကိုလည်း ကရင်ပြည်းသူများ
ကြားသိနိုင်ကြပါစေ။

ဒီခေတ်ဒီအချိန်မှာ ကရင်လူမျိုးတွေ အောက်ကျနောက်ကျတဲ့အဆင့် ရောက်မှန်းမသိ ရောက်နေရတယ်ဆိုတာ တာဝန်ရှိသူများ သတိထားမိရဲ့လား။ နောက်ပြီး refugee လို့ လူသိများတဲ့ ဒုက္ခသည်စခန်းမှနေပြီး တတိယနိုင်ငံများသို့ ရောက်ရရုံလောက်နဲ့ ကိုယ့်ကရင်များ ဟုတ်လှပြီးလို့ လက်မမထောင်လိုက်ပါနဲ့။ ရေသောက်မြစ်က မခိုင်မာဘူးဆိုရင် အကိုင်းအခက်များ ဘယ်တော့မှ ရှည်ကြာတည်တံ့မှာမဟုတ်ဘူး။ ရှိနှင့်ပြီးသား မိခင်ရင်း ကရင်ပြည်သူများအတွက် မြန်မာနိုင်ငံမှာသာမက အခြားနေရာများနှင့် တပြေးညီ လိုက်နိုင်အောင် ဘယ်လိုကြိုးစားရင် ကောင်းမလဲ နည်းလမ်းများရှာကြံသင့်ပြီ။

ဒါမှမဟုတ် ကိုယ့်ကို ဗိုလ်ကြီး၊ ဗိုလ်မှူးဆိုပြီး ကားလေးတ၀ီဝီနဲ့ မူးယစ်သောက်စား၊ လောင်းကစားနဲ့သာအချိန်ကုန်နေမယ်ဆိုရင်
= ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နဲ့ပြင်ရှိသေးလေလိမ့်လား

ဘယ်မှာလဲ ကရင့်သိက္ခာ၊ ကိုယ့်လူမျိုးမျက်နှာကိုမှ မထောက်၊ ရိုင်းကားဖို့ပဲ သိတယ်။ အဲဒါလား မျိုးချစ်စိတ်ဓာတ်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ အများကောင်းစားရေးအတွက် ဆောင်ရွက်သော အမွန်မြတ်ဆုံး အကြောင်းတရားတွေဖြစ်ပါတယ်။


အခုတစ်ချို့အဖွဲ့အစည်းများ လုပ်နေတာ အများကောင်းစားဖို့ မပြောနဲ့ မိမိလူမျိုးမကောင်းစားသည့်အပြင် အချင်းချင်းလက်
ချက်နဲ့ အသက်စတေးရတာ မနည်းလှတော့ပါ။ ဒါဟာ အမျိုးသားရေးအတွက်ပေးဆပ်တယ်လို့ ပြောလို့ရမလာား။ ကိုယ့်ကိုယ် အမျိုးသားရေးပေးဆပ်မှုပါလို့ ခံယူပေမယ့် ကရင်အမျိုးသာထုကတော့ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မိုက်မဲတဲ့လုပ်ရပ်၊ ပညာမရှိသူတွေရဲ့လုပ်ရပ်များသာ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ကျွန်တော်ရဲ့ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့ ကရင်ပြည်သူအားလုံး မိမိရဲ့မှားယွင်းသောလုပ်ဆောင်ချက်
တွေကို လိမ္မာပါးနပ်သောအသိညာဏ်ဖြင့် replace အစားထိုးနိုင်ပါစေ။ သူတစ်ပါးရဲ့ လှည့်ဖြားမှုများကိုလည်း မိမိ knowledge ပင်ကိုယ်ညာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ-ဆိုတဲ့အတိုင်း ဆက်ပြီး
မမိုက်ကြဖို့ မေတ္တာရှေ့ထားကာ ကရင်လူထုတစ်ရပ်လုံးကိုယ်စား ပြောပါရစေ။

သို့မဟုတ်ရင် ကိုယ့်အချင်းချင်းကြောင့် ကရင်လူမျိုးတွေဟာ ကမ္ဘာမြေပြင်မှ ဒိုင်နိုစောလို စောစီးစွာ မျိုးတုံးပြီးပြတိုက်ထဲ
မှာသာ လူတကာကြားဖူးတဲ့ ဘ၀မျိုး ရောက်ရှိသွားပါလိမ့်မယ်။ ကရင်လူမျိုးများဒိုင်နိုစောလို စောစီးစွာ မျိုးမတုံးရလေ
အောင်.....ဤဆောင်းပါးဖြင့် အသိပေးရင်း......

ကရင်စည်းလုံးညီညွတ်မှုကို လိုလားတဲ့

စောလင်းနက်စ်
Share this games :

0 comments: